HDMI ဆိုတာဘာလဲ?
HDMI (High-Definition Multimedia Interface) ဆိုတာ (Digital Video နဲ့ Audio ) ကိုကြိုးတစ်ချောင်းတည်းနဲ့ ပို့လွှတ်ပေးတဲ့ ပစ္စည်း
တစ်မျိုးပါ။
HDMI Cable ကို ဝယ်ယူတဲ့ အခါမှာ ကိုယ်က ဘယ်နေရာမှာ ဘာအတွက် သုံးချင်လဲ ဆိုတာကို သိဖို့လိုအပ်ပါတယ်။
HDMI Cable ဝယ်ယူတဲ့အခါ ရွေးချယ်မှု မှားသွားခဲ့ရင် ဒါမှမဟုတ် အရည်အသွေးနိမ့်တဲ့ ကြိုးကို သုံးမိရင် ရုပ်ထွက်အရည်အသွေး (Picture Quality) နဲ့
(Gaming Performance) မှာ သိသိသာသာ ထိခိုက်မှုတွေ ဖြစ်လာနိုင်ပါတယ်။
ရုပ်ထွက်အရည်အသွေး (Picture Quality) ထိခိုက်မှုများ
HDMI ကြိုးရဲ့ အဓိက တာဝန်က Bandwidth (ဒေတာပို့လွှတ်နိုင်စွမ်း) ကို လုံလောက်စွာ ပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။ Bandwidth မလုံလောက်တဲ့အခါ
အရည်အသွေးမြင့် ရုပ်ထွက်တွေမှာ အောက်ပါ ပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
A. ပုံရိပ်ပြတ်တောက်ခြင်းနှင့် ပုံပျက်ခြင်း
မျက်နှာပြင် အနက်ရောင်ဖြစ်ခြင်း မျက်နှာပြင်ဟာ တစ်ခါတစ်ရံ မီးပိတ်လိုက်သလို ခဏတာ မှောင်သွားတတ်ပါတယ်။
ပုံရိပ်ပြတ်တောက်ခြင်း ဒေတာအပြည့်အဝ မရောက်တဲ့အခါ ပုံရိပ်ဟာ မတည်ငြိမ်ဘဲ ပြတ်တောက်သွားနိုင်ပါတယ်။
မျက်နှာပြင်ပေါ်မှာ ဆူညံသံများ ဒါမှမဟုတ် သေးငယ်တဲ့ အဖြူအမည်း အစက်အပြောက်လေးတွေ ပေါ်နေတတ်ပါတယ်။
အရောင် မှားယွင်းခြင်း ကြိုးက HDR (High Dynamic Range) ရဲ့ အရောင်ဒေတာကို အပြည့်အဝ မပံ့ပိုးနိုင်တဲ့အခါ
အရောင်တွေဟာ မူရင်းအတိုင်း တောက်ပ၊ ကြည်လင်မှု မရှိတော့ဘဲ မှေးမှိန် သွားတတ်ပါတယ်။
B. Resolution မကောင်းခြင်း
TV က 4K ကို Support ပေးပေမယ့် ကြိုးက Bandwidth မလုံလောက်တဲ့အခါ၊ ပုံရိပ်ကို 1080p (Full HD) သို့မဟုတ် 4K @ 30Hz ကိုသာ
အလိုအလျောက် ပြောင်းလဲ ချပေးတတ်ပါတယ်။ ဒီလိုဖြစ်ရင် TV ရဲ့ 4K Resolution ကို ရရှိမှာမဟုပ်တော့ပါဘူး။
(Gaming Performance) ထိခိုက်မှုများ
ဒါကတော့ Game Player တွေအတွက်ဖြစ်ပါတယ်။
High-end Gaming (PS5, Xbox Series X) အတွက် HDMI 2.1 မပါတဲ့ကြိုးကို သုံးမိရင်၊ အကောင်းဆုံး Performance
ဆုံးရှုံးရမှာ ဖြစ်ပါတယ်။
A. မြင့်မားသော Frame Rate များ ဆုံးရှုံးခြင်း
4K @ 120Hz မရရှိခြင်း HDMI 2.0 ကြိုးကို အသုံးပြုရင် 4K ရုပ်ထွက် ကို 60Hz သာ ရရှိမှာ ဖြစ်ပါတယ်။ Next-Gen ဂိမ်းတွေရဲ့
အဓိက Feature ဖြစ်တဲ့ 120 frames per second (120Hz) ရဲ့ ပုံရိပ်ချောမွေ့မှုကို ခံစားရမှာ မဟုတ်ပါဘူး။
B. VRR နှင့် ALLM Feature များ အလုပ်မလုပ်ခြင်း
VRR (Variable Refresh Rate) ဆုံးရှုံးခြင်း HDMI 2.1 Feature ဖြစ်တဲ့ VRR မရရင် ဂိမ်းကစားနေစဉ် Frame Rate
အပြောင်းအလဲများကြောင့် Display မှာ ပုံရိပ်တွေ အလွှာလိုက် ပြတ်တောက်ခြင်း (Screen Tearing) ပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
ALLM (Auto Low Latency Mode) မပါဝင်ခြင်း HDMI 2.1 မဟုတ်ရင် Input Lag ကို လျှော့ချပေးမယ့် ALLM Feature ကို
အသုံးမပြုနိုင်ပါဘူး။ ဒါ့ကြောင့် နှောင့်နှေးမှု (Lag) တွေ ပိုများလာပြီး ဂိမ်းထဲက Action တွေနဲ့ Controller ဖိလိုက်တဲ့ အချိန်တွေကြား ခြားနားမှု သိသာစေနိုင်ပါတယ်။
ဒီလို ပြဿနာတွေ မဖြစ်အောင်၊ TV နဲ့ ဂိမ်းစက် (သို့မဟုတ် PC) က HDMI 2.1 ကို ထောက်ပံ့တယ်ဆိုရင်၊ ဝယ်ယူတဲ့ကြိုးဟာ
"Ultra High Speed HDMI Cable" တံဆိပ် ပါဝင်ကြောင်း သေချာစွာ စစ်ဆေးဖို့ အရေးကြီးပါတယ်။
ကောင်းပါပြီ ဒါစို ကျွန်တော် HDMI VERSION တွေကို ဖော်ပြပေးပါမယ်။
Version Bandwith Refresh Rate Main utility
HDMI 1.4 10.2 Gbps 4K @ 30Hz Old Model,Basic Full HD
HDMI 2.0 18 Gbps 4K @ 60Hz Standard 4K TV/HDR
HDMI 2.1 48 Gbps 4K @ 120Hz, Next-Gen Gaming (PS5/Xbox Series X)၊ High-end TVs
8K @ 60Hz
HDMI 2.1 Version မှာမှ သီးသန့် ပါဝင်လာတဲ့ အဓိက Feature တွေဟာ မြင့်မားတဲ့ ရုပ်ထွက်အရည်အသွေး (Higher Resolutions) နဲ့ ချောမွေ့တဲ့
ဂိမ်းစွမ်းဆောင်ရည် (Better Gaming Experience) အတွက် မရှိမဖြစ် လိုအပ်ပါတယ်။
HDMI 2.1 ရဲ့ အကြီးဆုံးအားသာချက်ကတော့ ဒေတာပို့လွှတ်နိုင်စွမ်း (Bandwidth) အဆမတန် မြင့်မားလာခြင်းပဲ ဖြစ်ပါတယ်။
48 Gbps Bandwidth ယခင် HDMI 2.0 (18 Gbps) ထက် သုံးဆနီးပါး ပိုမိုမြန်ဆန်တဲ့အတွက် အရည်အသွေးမြင့် ဒေတာတွေကို
အတားအဆီးမရှိ ပို့လွှတ်နိုင်ပါတယ်။
4K @ 120Hz 4K ရုပ်ထွက် ကို တစ်စက္ကန့်လျှင် ပုံရိပ် ၁၂၀ (120 frames per second) နှုန်းနဲ့ ဖော်ပြနိုင်ခြင်း။
(Next-Gen Gaming Consoles တွေဖြစ်တဲ့ PS5 နဲ့ Xbox Series X တို့အတွက် မရှိမဖြစ်ပါ။)
8K @ 60Hz 8K ရုပ်ထွက် ကို တစ်စက္ကန့်လျှင် ပုံရိပ် ၆၀ နှုန်းနဲ့ ထောက်ပံ့ပေးနိုင်ခြင်း။
TV/Monitor ရဲ့ Refresh Rate (ပုံရိပ်အသစ် ထွက်ပေါ်နှုန်း) ကို ဂိမ်းစက်ရဲ့ Frame Rate (တစ်စက္ကန့် ပုံရိပ်) နဲ့
အလိုအလျောက် ချိန်ညှိ ပေးခြင်း။
ဂိမ်း Frame Rate အတက်အကျ ရှိနေချိန်မှာ Display မှာ ပုံရိပ်တွေ အလွှာလိုက် ပြတ်တောက်ခြင်း (Screen Tearing)
တွေ လုံးဝ မဖြစ်ပေါ်တော့ဘူး။
ဂိမ်းစက်ကို TV မှာ တပ်လိုက်တာနဲ့ TV ကို သူ့အလိုလို "Gaming Mode" သို့မဟုတ် "Low Latency Mode" သို့ ပြောင်းလဲပေးခြင်း။
Input Lag (နှောင့်နှေးမှု) ကို အနိမ့်ဆုံးအထိ လျှော့ချပေးတာကြောင့် Controller နှိပ်လိုက်တဲ့အချိန်ဂိမ်းထဲက Action
ဖြစ်ပေါ်လာတဲ့အချိန်ဟာ ချက်ချင်း ဖြစ်စေပါတယ်။
TV ကနေ Audio Receiver သို့မဟုတ် Soundbar ဆီကို အသံဒေတာ ပြန်ပို့တဲ့ လမ်းကြောင်းကို Bandwidth ပိုမို မြှင့်တင်ပေးခြင်း။
အရည်အသွေးအမြင့်ဆုံး Sound Format တွေဖြစ်တဲ့ Dolby Atmos နဲ့ DTS:X တို့ကို မူရင်းအတိုင်း (Uncompressed) အပြည့်အဝ
ပို့လွှတ်နိုင်တဲ့အတွက် ရုပ်ရှင်ကြည့်တဲ့အခါ ပိုမို ကောင်းမွန်တဲ့ Audio Experience ကို ခံစားရမှာ ဖြစ်ပါတယ်။
အထက်ပါ အချက်အလက်တွေနဲ့ ပြည့်စုံတဲ့ HDMI Cable တစ်ချောင်းကို မိတ်ဆွေတို့အတွက်ဖော်ပြပေးလိုက်ပါတယ်။