Workgroup လို့ခေါ်တာက Windows Operating System တွေမှာ အသုံးများတဲ့ Local Network Sharing စနစ်တစ်ခုပါ။ ကွန်ပျူတာ 5 လုံးကို LAN နဲ့ ချိတ်ပြီး File, Folder, Printer တွေကို တူညီပြီး အသုံးပြုချင်သူတွေအတွက် ဒီဆောင်းပါးက အဆင့်ဆင့် လုပ်ဆောင်ပုံကို ရှင်းပြထားပါတယ်။
LAN Switch / Router တစ်လုံး လိုအပ်ပါမယ် (အနည်းဆုံး 8 Port).
Cat5e/Cat6 LAN Cable 5 ခုနဲ့ PC 5 လုံးကို Switch/Rounter ရဲ့ Port တွေကို ချိတ်ပါ။
Switch/Router ကို Power On လုပ်ပါ။
Control Panel → Network and Internet → Network and Sharing Center → Change Adapter Settings သွားပါ။ဒီလိုလုပ်ရတာ ရှုပ်နေရင် အောက်ကနည်းကို သုံးပါ။
Next Method - Windows key + R နှိပ်လိုက်ရင် Run Box ပေါ် လာမယ်။Run Box ထဲမှာ sysdm.cpl ကိုရိုက်ထည့်ပေးပါ။
Ethernet ပေါ်ကို Right Click → Properties → Internet Protocol Version 4 (TCP/IPv4) → Use the following IP address ရွေးပါ။
Computer တစ်လုံးချင်းစီမှာ IP Address ကို Unique ဖြစ်အောင် တန်ဖိုးပေးပါ –
PC1 → 192.168.1.10
PC2 → 192.168.1.11
PC3 → 192.168.1.12
PC4 → 192.168.1.13
PC5 → 192.168.1.14
Subnet Mask → 255.255.255.0
Default Gateway → Router ရဲ့ IP (ဥပမာ 192.168.1.1
)
System properties ဆိုပြီး box လေးကျလာရင်အဲ့ဒီထဲမှာ Change ဆိုတဲ့ Icon လေးကို တွေ့အောင်ရှာပြီး နှိပ်လိုက်ပါ။
Conputer Name ကို ကိုယ်ကြိုက်တာပေးလို့ရပြီး WORKGROUP Name ကို တူအောင်ထားပေးပါ။
Workgroup ရွေးပြီး အားလုံးမှာ ကိုယ့်ရဲ့ Conpany Name ဖြစ်ဖြစ် တူအောင် ထည့်ပါ။
Restart လုပ်ပါ။
Control Panel → Network and Sharing Center သွားပါ။
Advanced sharing settings ထဲမှာ –
Turn on network discovery
Turn on file and printer sharing
Turn off password protected sharing (လိုချင်လို့)
အမှန်ခြစ်ပြီး Save လုပ်ပါ။
Run → \\192.168.1.11
(မည်သည့် IP ကိုမဆို) ရိုက်ပြီး Test လုပ်ပါ။
Reply / TTL ပြန်ရင် Computers တွေ တစ်လုံးနဲ့ တစ်လုံး Network မိတယ်။
ကွန်ပျူတာတွေကို တစ်ခုနဲ့တစ်ခု မြင်ရမယ်။
Network Printer ဖြစ်ရင် Ethernet Cable နဲ့ Router/Switch ကို ချိတ်ပါ။
Printer Panel မှာ IP Address ကို ကြည့်ပါ (ဥပမာ 192.168.1.50
).
Computer တစ်လုံးထဲမှာ Printer Driver ကို Install လုပ်ပါ။
Control Panel → Devices and Printers → Add Printer → Add a network printer → IP Address ရိုက်ပါ။
Test Print လုပ်ပြီး အဆင်ပြေကြောင်း စမ်းသပ်ပါ။
Devices and Printers → Printer ပေါ်ကို Right Click → Printer Properties → Sharing Tab → Share this printer အမှန်ခြစ်ပါ။
အခြား PC တွေက Run → \\192.168.1.10
(Printer connected PC ရဲ့ IP) → Shared Printer ကို Connect လုပ်နိုင်ပါပြီ။
LAN Switch/Router သုံးပြီး PC 5 လုံးကို LAN ချိတ်ပါ။
IP Address & Workgroup Name တူအောင် ပြင်ပါ။
File & Printer Sharing ON လုပ်ပြီး Password Protection Disable လုပ်ပါ။
Network Printer ကို IP Address နဲ့ Add လုပ်ပါ၊ များသောအားဖြင့် Sharing လုပ်ပြီး အခြား PC တွေက အသုံးပြုနိုင်အောင် ချိတ်ပါ။