How to Choose Ram and SSD For Better Computer

How to Choose Ram and SSD For Better Computer

သင့် Computer ကိုသင်အားမရဖူးလား ???
=======================
Computer ဆင်ထားတာကြာပြီ တစ်ဖြေးဖြေးနဲ့ သုံးရတာအားမရတော့ဖူး။
သုံးရတာနှေးလို့ ရုပ်တောင်အိုတော့မယ်
အသစ်လဲမဝယ်နိုင်သေးဖူး။ ဒါဆိုရင် ရှိတဲ့စက်ကို Performance တက်လာအောင်ဘယ်လိုလုပ်ရမလဲ??
CPU တွေ GPU တွေဈေးကြီးကြီး upgrade လိုက်တာထက် Laptop အတွက်ရော Desktop အတွက်ပါ အမြန်ဆုံးနဲ့အသက်သာဆုံး အဆင်ပြေမဲ့နည်းလမ်းရှိပါတယ်။
RAM နဲ့ SSD ပါ။
RAM မြင့်ရမှာလား ?
-------------------------
သင့်ရဲ့စက်က RAM 8GB ရှိတယ်ဆိုရင် User တော်တော်များများအတွက်က RAM မြင့်ဖို့မလိုသေးပါဖူး။ လုပ်ငန်းခွင်သုံး Professional software တစ်ခု့သုံးနေလို့ နည်းနည်းပိုလိုအပ်လာမယ်ဆိုရင်တော့ RAM 16GB အနည်းဆုံး မြင့်ဖို့လိုအပ်ပါတယ်။ RAM ကိုမြင့်လိုက်တာက သင့် CPU task တွေအများကြီးလုပ်တဲ့အခါမှာ သက်သာမှာဖြစ်တဲ့အတွက် CPU ပိုပူပြီး Performance ကျတာကို တစ်ဒေါင့်တစ်နေရာကနေ လျှော့ချပေးနိုင်ပြီး software အသုံးပြု့တဲ့နေရာမှာပဲ Experience ကိုအများကြီးတိုးတက်စေမှာပါ။
SSD မြင့်ရမှာလား
------------------
2018 အစောပိုင်းနဲ့ သူ့ထက်စောတဲ့ Desktop Laptop တော်တော်များများမှာက SSD နဲ့မဟုတ်ပါဖူး။ HDD နဲ့လာပါတယ်။ စစသုံးသုံးခြင်းတုန်းက အသစ်ဆိုဖြစ်နေတာရယ် ကိုယ်ဘာလုပ်နေလဲကိုယ်မသိသေးတာရယ်နဲ့ သုံးလို့ကောင်းခဲ့သလိုလိုရှိပေမဲ့ သုံးတတ်လာတာနဲ့အမျှ နှစ်တွေကြာလာတော့ ဒီလောက် လေးနေတာ မဖြစ်သင့်ဖူးဆိုပြီး သတိထားမိလာပါလိမ့်မယ်။
သင့် HDD က performance ကျလာပါပြီ။ software တွေ Data တွေအများကြီးသိမ်းထားရတဲ့အပြင် Speed မြန်တဲ့ကောင်မဟုတ်တော့ ပိုဆိုးသွားတာပါ။ SSD တစ်ခု့ထည့်လိုက်ပြီး သုံးမယ်ဆိုရင် သင့် Laptop/desktop က မျက်လှည့်ပြလိုက်သလို အသစ်အတိုင်းသုံးလို့ရမှာပါ။

    • Related Articles

    • How to Choose SSD

      စိတ်ချရတဲ့ SSD ကိုရွေးနည်း ================= SSD ရွေးတော့မယ်ဆို speed ကိုပဲကြည့်ကြပြီး အခြား Spec တွေသိပ်အာရုံမစိုက်ကြတာများပါတယ်။ SSD မှာ Read/write speed အပြင်ကိုမှ အခြား spec တွေရှိသေးတဲ့အပြင် SSD ကိုတည်ဆောက်ထားတဲ့ Component တွေရဲ့ Quality ...
    • How to Choose Best Monitors

      Monitor တစ်ခု့ရဲ့ အကောင်းဆုံးအချက်တွေကိုဘယ်လိုကြည့်ရလဲ ==================================== IPS Panel ဆို Color Range ကျယ်ပြီး ပိုစိုပါမယ်။ Full HD ဆိုရင် 1920x1080 Resolution ပါ။ 75Hz ဆိုရင် ၁ စက္ကန့်မှာ ပြနိုင်တဲ့ ပုံအရေအတွက်ပါ။ Frameless ဆိုရင် ...
    • PC Power Supply

      Power Supply အကြောင်း သိသင့်သလောက် ==================== Power Supply မှာ Modular နဲ့ Non-Modular ဆိုပြီး ၂မျိုးရှိပါတယ်။ Non-Modular Power Supply က သူ့နဲ့ဆက်ထားတဲ့ power cords တွေတွဲရက်ပါလာမှာပါ။ အဲ့ဒီအတွက်လဲ ကိုယ်က VGA cord နဲ့ Sata cord ကို ...
    • Thermal Paste

      Thermal Paste ဘာလို့သုံးလဲ ဘယ်အချိန်မှာအသစ်လဲ ရသလဲ Thermal Paste ဆိုတာက CPU နဲ့ CPU cooler နဲ့ထိတွေ့တဲ့ မျက်နှာပြင် ၂ခု ကြားက ကြားခံအနေနဲ့ သုံးတဲ့ Compound တစ်မျိုးပါ ။ ချောကလက် ပျစ်ပျစ်လေး အရည်ပျော်နေတဲ့ texture ရှိပါတယ် ။ အဲ့ကောင်ကို ...
    • How to Buy Intel CPU

      Intel CPU ဝယ်နည်း Guide       Game တော်တော်များများက 4 Cores 8threads ဆိုရင် ကောင်းကောင်းဆော့လို့ရပါတယ်။ အကောင်းဆုံး Gaming CPU ကိုလိုချင်တယ်ဆိုပြီး i9 ကြီးပြေးဝယ်စရာတော့မလိုပါဖူး။ အချို့ဂိမ်းတွေမှာ i9 နဲ့ i3 နဲ့တောင် Performance သိပ်မကွာပါဖူး။ ...