PC Power Supply

PC Power Supply

Power Supply အကြောင်း သိသင့်သလောက်
====================
Power Supply မှာ Modular နဲ့ Non-Modular ဆိုပြီး ၂မျိုးရှိပါတယ်။
Non-Modular Power Supply က သူ့နဲ့ဆက်ထားတဲ့ power cords တွေတွဲရက်ပါလာမှာပါ။
အဲ့ဒီအတွက်လဲ ကိုယ်က VGA cord နဲ့ Sata cord ကို ထပ်ထည့်ချင်တယ်ဆိုရင် ထည့်လို့မရဖြစ်နေပါလိမ့်မယ်။ Non-Modular တွေက ဈေးပိုသက်သာပြီးတော့ Watt ပိုနည်းပါတယ်။
Modular Power Supply
--------------------------------
Modular power supply မှာကျတော့ကိုယ်ပိုင် cord မပါဖူး။ တွေလိုသလောက်ပဲတပ်မယ်ဆိုလဲရပါတယ်။ ထပ်တိုးချင်ရင်လဲရပါတယ်။ Cable management အတွက်ရှင်းရှင်းလင်းလင်းဖြစ်သွားတာပေါ့။ Custom cable သုံးမယ်ဆိုရင်လဲ Modular Power Supply ကိုရွေးသင့်ပါတယ်။ Modular Power Supply တွေက ပိုဈေးကြီးပြီး watt ပိုများပါတယ်။
Cords
----
Modular Power Supply တွေရဲ့အနောက်က description မှာ SATA , VGA , CPU ဆိုပြီး label တပ်ထားတဲ့ အပေါက်လေးတွေတွေ့ရပါလိမ့်မယ်။
SATA က HDD, SSD နဲ့ Optical Drive ကို power ပေးတာဖြစ်ပြီးတော့
VGA က Graphric Card ကို power ပေးတာဖြစ်ပါတယ်။
CPU cord ကတော့ Motherboard ပေါ်က CPU socket နဲ့ Processor ကို power ပေးတာဖြစ်ပါတယ်။
Power supply ကနေ အခြား component တွေကို သွယ်ထားသမျှ ကြိုးတွေကို power cord တွေလိုခေါ်လို့ရပါတယ်။
Wattage
---------
Computer တစ်လုံးထဲမှာရှိသမျှ component တွေအကုန်လုံးက သူတို့သတ်မှတ်ထားတဲ့ watt လိုအပ်ချက်တစ်ခု့ရှိပါတယ်။တပ်ထားတဲ့ power supply က computer တစ်ခု့လုံးအတွက် watt မလောက်ဖူးဆိုရင် power supply က computer ရဲ့ ပိုအရေးကြီးတဲ့ အစိတ်အပိုင်းကိုပဲ ဦးစားပေးပြီး
Power ပေးနေမှာဖြစ်ပြီးတော့ ခနနေရင် shut down ကျသွားမှာပါ။ ဥပမာ computer က 1000 watt စားတယ် power supply ကလဲ 1000watt ပဲ။ graphric card ထပ်တိုးချင်လို့ တပ်လိုက်တဲ့အခါမှာ graphric card ရဲ့ watt လိုအပ်ချက်က 100 ဆိုရင် သင် 1200 watt power supply လောက်နဲ့ထပ်လဲရပါလိမ့်မယ်။ လိုအပ်တဲ့ watt ထက် 200 လောက်ပိုရှိနေတာအကောင်းဆုံးပါ။
80% plus Bronze,Silver,Gold,Platinum
----------------------------------------
Bronze , Silver , Gold ,Platinum တွေကဘာတွေကွာသလဲ။ Pubg rank တွေမဟုတ်ပါဖူး။
တစ်ခု့နဲ့တစ်ခု့ efficiency ကွာပါတယ်။ bronze က 100% load တဲ့အချိန်မှာ 18% လောက် waste ဖြစ်ပြီး အပူအဖြစ် power supply ထဲကပြန်ထွက်လာပါတယ်။ သင့်မှာ 600 watt 80 plus bronze ရှိမယ်ဆိုရင်
108 watt လောက်က အပူဖြစ်သွားမှာပါ။ Silver , Gold , Platinum ဆိုပြီး ပိုပိုမြင့်တာဝယ်လေ heat အပိုထွက်နူန်းနည်းလေဖြစ်ပြီး ပိုဈေးကြီးလေဖြစ်မှာပါ။ heat တက်မှာကြောက်ရင် cooling ကောင်းကောင်း အကုန်မခံခင် power supply ကောင်းကောင်းသုံးသင့်ပါတယ်။
    • Related Articles

    • How to Choose Ram and SSD For Better Computer

      သင့် Computer ကိုသင်အားမရဖူးလား ??? ======================= Computer ဆင်ထားတာကြာပြီ တစ်ဖြေးဖြေးနဲ့ သုံးရတာအားမရတော့ဖူး။ သုံးရတာနှေးလို့ ရုပ်တောင်အိုတော့မယ် အသစ်လဲမဝယ်နိုင်သေးဖူး။ ဒါဆိုရင် ရှိတဲ့စက်ကို Performance တက်လာအောင်ဘယ်လိုလုပ်ရမလဲ?? CPU တွေ ...
    • How to Choose Best Monitors

      Monitor တစ်ခု့ရဲ့ အကောင်းဆုံးအချက်တွေကိုဘယ်လိုကြည့်ရလဲ ==================================== IPS Panel ဆို Color Range ကျယ်ပြီး ပိုစိုပါမယ်။ Full HD ဆိုရင် 1920x1080 Resolution ပါ။ 75Hz ဆိုရင် ၁ စက္ကန့်မှာ ပြနိုင်တဲ့ ပုံအရေအတွက်ပါ။ Frameless ဆိုရင် ...
    • How to Choose SSD

      စိတ်ချရတဲ့ SSD ကိုရွေးနည်း ================= SSD ရွေးတော့မယ်ဆို speed ကိုပဲကြည့်ကြပြီး အခြား Spec တွေသိပ်အာရုံမစိုက်ကြတာများပါတယ်။ SSD မှာ Read/write speed အပြင်ကိုမှ အခြား spec တွေရှိသေးတဲ့အပြင် SSD ကိုတည်ဆောက်ထားတဲ့ Component တွေရဲ့ Quality ...
    • How to Buy Intel CPU

      Intel CPU ဝယ်နည်း Guide       Game တော်တော်များများက 4 Cores 8threads ဆိုရင် ကောင်းကောင်းဆော့လို့ရပါတယ်။ အကောင်းဆုံး Gaming CPU ကိုလိုချင်တယ်ဆိုပြီး i9 ကြီးပြေးဝယ်စရာတော့မလိုပါဖူး။ အချို့ဂိမ်းတွေမှာ i9 နဲ့ i3 နဲ့တောင် Performance သိပ်မကွာပါဖူး။ ...
    • Thermal Paste

      Thermal Paste ဘာလို့သုံးလဲ ဘယ်အချိန်မှာအသစ်လဲ ရသလဲ Thermal Paste ဆိုတာက CPU နဲ့ CPU cooler နဲ့ထိတွေ့တဲ့ မျက်နှာပြင် ၂ခု ကြားက ကြားခံအနေနဲ့ သုံးတဲ့ Compound တစ်မျိုးပါ ။ ချောကလက် ပျစ်ပျစ်လေး အရည်ပျော်နေတဲ့ texture ရှိပါတယ် ။ အဲ့ကောင်ကို ...