How to Buy Intel CPU

How to Buy Intel CPU

Intel CPU ဝယ်နည်း Guide

      Game တော်တော်များများက 4 Cores 8threads ဆိုရင် ကောင်းကောင်းဆော့လို့ရပါတယ်။ အကောင်းဆုံး Gaming CPU ကိုလိုချင်တယ်ဆိုပြီး i9 ကြီးပြေးဝယ်စရာတော့မလိုပါဖူး။ အချို့ဂိမ်းတွေမှာ i9 နဲ့ i3 နဲ့တောင် Performance သိပ်မကွာပါဖူး။ Bottleneck တာကလဲ CPU + GPU တစ်ပြိုင်ထဲအလုပ်လုပ်ရတဲ့နေရာမျိုးမှာပဲသိသာတာပါ။ CPU 30% ပဲလိုပြီး GPU 80% လိုတဲ့ task မှာ CPU bottleneck က အနှောက်အယှက်ဖြစ်မှာမဟုတ်ပါဖူး။

Intel core i3 10th gen နဲ့အဆင်ပြေလား

      ပြေတာပေါ့။ Game အကုန်လုံးနီးနီးဆော့လို့ရပြီလို့ပြောလို့ရတယ်။ Graphic card ကိုသာ မနှိမ့်တဲ့ကောင်ရယ်။ အရမ်းအမြင့်ကြီးရယ်တွဲမသုံးနဲ့ပေါ့။ Budget ဆင်တဲ့အပိုင်းမှာက i3 ဆိုပြီး အားငယ်စရာမလိုတော့ဖူး။ i3 10th gen က အရင်လိုမဟုတ်တော့ဖူး။ ၄ဆလောက်ပိုကောင်းနေပြီဆိုတော့ လုံလုံလောက်လောက် ဂီမ်းဆော့လို့ရပါတယ်။

Intel core i5 10th gen နဲ့ ဘာတွေအပိုလုပ်လို့ရမလဲ

      I5 ကျတော့ 6cores 12threads ဆိုတော့ Ryzen 5 3600x လိုနာမည်ကြီး CPU နဲ့ တူပြီးတော့ intel ရဲ့ software optimization အားသာချက်တွေကိုခံစားရမှာပါ။ Video Editing, Motion Graphic နဲ့ adobe Creator တွေအတွက် ပေးရတဲ့ဈေးနဲ့အတန်ဆုံး CPU လို့ပြောလို့ရပါတယ်။ Motion Graphic မှာက Core count ထက်အရေးကြီးတာတွေများနေတာကိုး။

Intel core i7 10th gen

      ဒီကောင်ကျတော့ i9 9900k လိုမျိုးဖြစ်သွားတော့ စွမ်းဆောင်ရည်က ပြောစရာလိုမယ်မထင်ပါဖူး။ Video Editor တွေအတွက် အကြိုက်ဖြစ်မှာပါ။ 3D animator တွေလို Core အများကြီးမလိုတဲ့အပြင် Adobe ရဲ့ အားသာချက်ကိုရထားလို့ Gaming ပိုင်းမှာ နောက်ဆုံးထွက် GPU တွေနဲ့လဲ လိုက်အောင်သုံးလို့ရမဲ့အပြင် အလုပ် လုပ်တဲ့လူတွေအတွက်လဲ upgrade ဖို့ဆိုတာ နောက် ၅နှစ်အထိ အနည်းဆုံးစဉ်းစားစရာလိုမှာမဟုတ်ပါဖူး။

Intel core i9 10th gen
      I9 9900k နဲ့မတူတော့တာက Core နဲ့ Thread ပိုများလာတဲ့အချက်ပါ။ C4D သုံးတဲ့လူ Autodesk သုံးတဲ့လူတွေမှာက software optimization ကောင်းလို့ crash တာလဲနည်းတယ် freeze သွားတာလဲနည်းတယ် ဆိုပြီး creator တွေက intel ကိုရွေးနေကြတုန်းပါပဲ။ တကယ် brand တွေ nerd knowledge တွေဘေးဖယ်ထားပြီး actual work experience ဖက်က ကြည့်မယ်ဆို လုံးဝအထင်သေးလို့မရတဲ့ကောင်ဖြစ်နေသေးလို့ပါ။ Deep learning နဲ့ Machine learning မှာလဲ Intel အတွက် option က ပိုများလို့ အားသာချက်တွေက ဆိုင်ရာလူတွေအတွက် အသုံးဝင်နေပါသေးတယ်။

    • Related Articles

    • Thermal Paste

      Thermal Paste ဘာလို့သုံးလဲ ဘယ်အချိန်မှာအသစ်လဲ ရသလဲ Thermal Paste ဆိုတာက CPU နဲ့ CPU cooler နဲ့ထိတွေ့တဲ့ မျက်နှာပြင် ၂ခု ကြားက ကြားခံအနေနဲ့ သုံးတဲ့ Compound တစ်မျိုးပါ ။ ချောကလက် ပျစ်ပျစ်လေး အရည်ပျော်နေတဲ့ texture ရှိပါတယ် ။ အဲ့ကောင်ကို ...
    • Gaming Mouse

      Gaming Mouse တစ်လုံးကိုဘာကြောင့်သုံးသင့်လဲ ဘာတွေက အားသာနေတာလဲ ။ Gaming Mouse အချင်းချင်းရောဘာတွေကွာတတ်လဲ ။ ရိုးရိုး Mouse နဲ့ရောဂိမ်းဆော့လို့မဖြစ်ဖူးလား ။ ဟုတ်ကဲ့ပါ ဂိမ်းဆော့လို့ဖြစ်ပါတယ် ။ ဒါပေမဲ့ပေါ့ ရိုးရိုး ၁သောင်းဝန်းကျင် mouse က response time ...
    • PC Power Supply

      Power Supply အကြောင်း သိသင့်သလောက် ==================== Power Supply မှာ Modular နဲ့ Non-Modular ဆိုပြီး ၂မျိုးရှိပါတယ်။ Non-Modular Power Supply က သူ့နဲ့ဆက်ထားတဲ့ power cords တွေတွဲရက်ပါလာမှာပါ။ အဲ့ဒီအတွက်လဲ ကိုယ်က VGA cord နဲ့ Sata cord ကို ...
    • How to Choose Ram and SSD For Better Computer

      သင့် Computer ကိုသင်အားမရဖူးလား ??? ======================= Computer ဆင်ထားတာကြာပြီ တစ်ဖြေးဖြေးနဲ့ သုံးရတာအားမရတော့ဖူး။ သုံးရတာနှေးလို့ ရုပ်တောင်အိုတော့မယ် အသစ်လဲမဝယ်နိုင်သေးဖူး။ ဒါဆိုရင် ရှိတဲ့စက်ကို Performance တက်လာအောင်ဘယ်လိုလုပ်ရမလဲ?? CPU တွေ ...
    • How to Choose Best Monitors

      Monitor တစ်ခု့ရဲ့ အကောင်းဆုံးအချက်တွေကိုဘယ်လိုကြည့်ရလဲ ==================================== IPS Panel ဆို Color Range ကျယ်ပြီး ပိုစိုပါမယ်။ Full HD ဆိုရင် 1920x1080 Resolution ပါ။ 75Hz ဆိုရင် ၁ စက္ကန့်မှာ ပြနိုင်တဲ့ ပုံအရေအတွက်ပါ။ Frameless ဆိုရင် ...