Gaming Mouse

Gaming Mouse

Gaming Mouse တစ်လုံးကိုဘာကြောင့်သုံးသင့်လဲ

      ဘာတွေက အားသာနေတာလဲ ။ Gaming Mouse အချင်းချင်းရောဘာတွေကွာတတ်လဲ ။ ရိုးရိုး Mouse နဲ့ရောဂိမ်းဆော့လို့မဖြစ်ဖူးလား ။ ဟုတ်ကဲ့ပါ ဂိမ်းဆော့လို့ဖြစ်ပါတယ် ။ ဒါပေမဲ့ပေါ့ ရိုးရိုး ၁သောင်းဝန်းကျင် mouse က response time 4-6 ms နဲ့ အထက်မှာပဲရှိပါတယ်။ Online FPS game တစ်ခု့ဆော့မယ်ဗျာ CSGO ပဲထားပါတော့ ။ သင့်ရဲ့ Monitor ကလဲ ရိုးရိုး ရုံးသုံး Monitor လောက်ပဲဖြစ်မယ် ဆို input lag က 16.67 ms ရှိမယ် ။ 
အင်တာနက်လိုင်းရဲ့ Lag က 40ms (ping) ပဲထားပါတော့၊ ingame မှာမြန်မြန်ဆန်ဆန် ပစ်ရ ယှဉ်ရမဲ့အချိန်မှာ ကိုယ်က စုစုပေါင်း 60ms ကျော်နောက်ကျနေပြီ ။ တကယ်လို့ ကိုယ့်ရဲ့လက်က reaction time မြန်လို့ မြန်မြန် လှည့်ပစ်လိုက်ရင်တောင် Delay ရှိနေရင် ကိုယ်အရင်သေပြီး PUBG မှာဆို Better Luck Next Time လေးပေါ်လာတာပေါ့လေ ။ CSGO professional ထဲက ထိပ်တန်း Player တစ်ယောက် က reaction time 4-6 ms ကြားမှာရှိပါတယ်။ SHROUD ဆိုရင် 6ms ပါ Shroud လို reaction time မြန်တဲ့လူတောင်မှ Mouse 6ms delay ရှိနေမယ်ဆိုရင် သူ့ reaction time နှောင့်နှေးပြီးတော့ သူ့ထက်နှေးတဲ့ လူသတ်တာခံရမှာပါ ။

Advantages of Gaming Mouse
  1. Adjust လုပ်လို့ရမဲ့ Sensitivity ရှိတယ် ။
  2. ကီးပေးလို့ရမဲ့ အပိုခလုတ်တွေပါမယ် ။
  3. သက်တောင့်သက်သာနဲ့ efficient ဖြစ်မယ် ။
  4. Sensor တိတိကျကျရှိမယ် ။
Aadjust လုပ်လို့ရမဲ့ Sensitivity

      Sensitivity ကို ကိုယ်သုံးနေကျ speed အထိ သက်တောင့်သက်သာဖြစ်တဲ့အထိညှိလို့ရပါတယ်။ အမြန်နဲ့အနှေးပေါ့ ။ DPI 10000 ကျော်တွေက အမှန်ဆိုမလိုပါဖူး။ သေချာတဲ့ တိကျမဲ့ muscle memory နဲ့
DPI 400 မှာ FPS pro အများစု့ဆော့ကြသလို။ 800 မှာလဲဆော့တဲ့လူရှိပါတယ်။သာမန်လူကတော့ ရိုးရိုးသုံးရင် 1000 နဲ့အထက်ကိုပဲသုံးတာပါ။ adjust လုပ်လို့ရတော့ Esport သမားပဲဖြစ်ဖြစ် Gamer တစ်ယောက်ပဲဖြစ်ဖြစ် ကိုယ်သုံးနေကျ Sensitivity ကို မှတ်ထားပြီးတော့ Mouse အသစ်ဝယ်ဖြစ်တာပဲဖြစ်ဖြစ် တစ်ခု့ခု့ကြောင့် သူများ mouse သုံးရတာပဲဖြစ်ဖြစ် ချိန်ပြီးတော့ သုံးလို့ရပါတယ်။ ကိုယ်ပိုင် Gaming Mouse နဲ့ ကိုယ့် DPI နဲ့ကိုယ်
နေရာတကာယူသွားပြီးသုံးတာကပိုကောင်းပါတယ်။ လက်က ဒီလောက် sensitivity ကိုအသုံးများလို့ မှတ်မိနေရင် Game ဆိုင်လျှောက်သွားတာပဲဖြစ်ဖြစ် mouse sensitivity မျိုးစုံကိုင်နေရတာထက် သာကိုသာပါတယ်။ CSGO player တစ်ယောက် ဆိုင်တစ်ဆိုင်မှာဆော့နေကျဗျာ တစ်ရက်မှာနောက်ဆိုင်တစ်ဆိုင်ပြောင်းလိုက်တော့ mouse မတူတော့တာနဲ့ ဆော့ရခက်တာတို့ ပစ်တိုင်းမထိတာတို့ဖြစ်တတ်ပါတယ်။ လူရဲ့ Muscle memory က သင် တစ်ယောက်ယောက်ကို ပုံစံတစ်မျိုးနဲ့
Kill လိုက်ပြီဆိုသူက မှတ်ထားပါတယ်။ သတ်တာများလေများလေ muscle memory က တိကျသေချာလာပြီးတော့ Skill တွေတက်လာပါလိမ့်မယ်။ Mouse က မကောင်းရင်တော့ အပေါ်မှာပြောခဲ့သလို ကိုယ်ပဲခံရပြီး ဒေါသထွက်ရမှာပေါ့။

Spare Parts Button ( 2 key )
 
      Mouse တစ်ခု မှာတော့အများဆုံး ၆ခု ဆိုတော်ပါပြီ ။ အဲ့ထက်များရင် အာရုံနောက်တတ်တယ် ။ ဘယ်မှာသွားအသုံးဝင်လဲဆိုတော့ Fortnite Gamer တွေမှာအသုံးဝင်ပါလိမ့်မယ် ။ Macros တွေပေးထားပြီးတော့ building တွေပိုမြန်မြန်မြန်ဆန်ဆန်နဲ့ လက်တစ်ဖက်ထဲဆောက် နိုင်ပါလိမ့်မယ်။ ဘယ်ဘက်လက်ကတော့ keyboard မှာ Weapon ရွေးဖို့ ခုန်ဖို့ပေါ့။ player က ညာသန်ဆို ကိုယ်နဲ့ကိုက်တဲ့ Key mapping သာ အသေအချာ ပေးမိပြီဆိုရင် Mouse တစ်လုံးထဲနဲ့ တော်တော်ကြမ်းလို့ရပါပြီ။ အလေ့အကျင့်လေး ရသွားရင် ဇိမ်ပါပဲ။

Comfort & Efficient

      ဆိုတာက ရိုးရိုး Mouse ကိုင်ပြီး အလုပ်တစ်နေကုန်လုပ်ဖူးတဲ့ လူဆိုပိုနားလည် လွယ်ပါလိမ့်မယ် ။ လက်မတွေ လက်ညိုးတွေက နာလာပါတယ် ထိပ်လေးတွေ ထုံပြီး ကျင်ပြီး ကိုင်ရတာ ခက်ခဲလာပါတယ် ။ ကျွန်တော်ဆိုလဲ လက်မ က နှိပ်နေတာမဟုတ်တာတောင် လက်မထိပ်တွေက ကိုင်ထားရတာနဲ့ကိုနာလာပါတယ်။ အဲ့လိုတွေက Gaming Mouse မှာမရှိအောင် လုပ်ပေးထားပါ။

4 Sensor Accuracy

      ဒါကတော့ ရိုးရိုး Mouse နဲ့ သုံးတဲ့လူတွေက အခု့နောက်ပိုင်း Recoil အဆင့်မြင့် ထားပြီးတော့ game ထဲက Character အသက်ရှူနေတဲ့ နှလုံးခုန် နှုန်းအလိုက် သေနတ်က အပေါ်တက်လိုက် အောက်ဆင်းလိုက် အလိုလိုလုပ်နေတဲ့ Game မျိုးတွေမှာ တိကျတဲ့ Shot တစ်ခု့ရဖို့ လုံးဝမလွယ်ပါဖူး ။ Mouse ကို Mouse pad အလယ်မှာထားထားပြီးတော့ Cursor ကိုလဲ Monitor Screen အလယ် မှာထားထားပါ။ ၁ လက်မ ရွှေ့လိုက်လို့ Cursor က Screen ဒေါင့်ကိုသွားကပ်နေတယ် ဒါပေမဲ့အလယ်ကို ၁လက်မ ပြန်ရွှေ့လိုက်တော့ Cursor က အလယ်ပြန်မရောက်ဖူး။ ဒါဆိုရင် Sensor မတိကျလို့ပါ။ Gaming Mouse သွားဝယ်လို့ စမ်းရင် အဲ့လို စမ်းနိုင်ပါတယ် ။

    • Related Articles

    • How to Buy Intel CPU

      Intel CPU ဝယ်နည်း Guide       Game တော်တော်များများက 4 Cores 8threads ဆိုရင် ကောင်းကောင်းဆော့လို့ရပါတယ်။ အကောင်းဆုံး Gaming CPU ကိုလိုချင်တယ်ဆိုပြီး i9 ကြီးပြေးဝယ်စရာတော့မလိုပါဖူး။ အချို့ဂိမ်းတွေမှာ i9 နဲ့ i3 နဲ့တောင် Performance သိပ်မကွာပါဖူး။ ...
    • Thermal Paste

      Thermal Paste ဘာလို့သုံးလဲ ဘယ်အချိန်မှာအသစ်လဲ ရသလဲ Thermal Paste ဆိုတာက CPU နဲ့ CPU cooler နဲ့ထိတွေ့တဲ့ မျက်နှာပြင် ၂ခု ကြားက ကြားခံအနေနဲ့ သုံးတဲ့ Compound တစ်မျိုးပါ ။ ချောကလက် ပျစ်ပျစ်လေး အရည်ပျော်နေတဲ့ texture ရှိပါတယ် ။ အဲ့ကောင်ကို ...